စာရေးသူ

အားလုံးမြင်နိုင်ရန်
Alyson Kieda

အယ်လီဆန်ကီဒါ

အယ်လီဆန်ကီဒါ (Alyson Kieda) သည် စာတည်းဖြတ်ခြင်း အတွေ့အကြုံ လုပ်သက် ၃၅ နှစ်ထက် မနည်းရှိပြီး ODBM အတွက် စာတည်းအဖြစ် ပါဝင်လုပ်ဆောင်ပေးသည်မှာ ၁၀ နှစ်ကျော်ရှိခဲ့ပြီ။ သူသည် ငယ်စဉ်ကပင် စာရေးသားခြင်းကို မြတ်နိုးပြီး ODB စာမူများ ရေးသားရခြင်းကို အလွန်ကျေနပ်ဝမ်းမြောက်သူဖြစ်သည်။ သူသည် အိမ်ထောင်ရှင် မိခင်တစ်ဦးဖြစ်ပြီး၊ မိသားစု၌ အရွယ်ရောက် သားသမီး ၃ ဦးနှင့် မြေးများ တစ်ယောက်ပြီးတစ်ယောက် တိုးလာပါသည်။ စာဖတ်ခြင်း၊ တောတောင်ထဲ လမ်းလျှောက်ထွက်ခြင်း၊ မိသားစုနှင့် အတူရှိနေခြင်းများကို နှစ်သက်သူဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အခြားသော ဝတ်ပြုကိုးကွယ်ခြင်း စာစောင်တစ်ခုတွင် စာမူများရေးသားခဲ့သည့်မိခင်၏ စံနမူနာအတိုင်း `အမေ့ခြေရာနင်းရခြင်းကို မင်္ဂလာတစ်ပါး' ဟု သူဂုဏ်ယူ သည်။ ပီတိဖြစ်သည်။

စာမူ/ အကြောင်းအရာ များ အယ်လီဆန်ကီဒါ

သတိရအောက်မေ့ခြင်း

သတိရအောက်မေ့ဖွယ်နေ့တွင် ယခင်စစ်မှုထမ်းဟောင်းများ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း တပ်မတော်တွင်အမှုထမ်းခဲ့သော ကျွန်မအဖေနှင့်ဉီးလေးတို့၏ အကြောင်းကို စဉ်းစားမိသည်။ သူတို့က အိမ်ပြန်ရောက်ခဲ့သော်လည်း ထောင်ပေါင်း များစွာသော မိသားစုများတွင် တိုင်းပြည်အတွက် အမှုထမ်းသော သူတို့ချစ်ရသူများကို ကြေကွဲစွာ ဆံုးရှုံးခဲ့ကြရသည်။ သို့သော် အဖေနှင့်ထိုခေတ်က စစ်သားအများစုကို မေးမြန်းသောအခါ မှန်ကန်ရာအတွက်၊ သူတို့ယံုကြည်ရာအတွက် ရပ်တည်ပြီး သူတို့ ချစ်ရသူများကို ကာကွယ်ရန် အသက်ကို စွန့်လွှတ်ဝံ့သည်ဟုဖြေကြသည်။

တိုင်းပြည်ကို ကာကွယ်ရင်းနှင့် တစ်စံုတစ်ယောက်သေဆံုးသွားသည့်အခါ ၎င်း၏စွန့်လွှတ်စွန့်စားမှုကို ဂုဏ်ပြုသည့်အနေဖြင့် “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှ မရှိ” ဟူသည့် (ယော ၁၅:၁၃) ကျမ်းပိုဒ်ကို စျာပနဝတ်ပြုကိုးကွယ်ခြင်းတွင် ရွတ်ဖတ် လေ့ရှိသည်။ သို့သော် ဤကျမ်းပိုဒ်၏နောက်ခံအခြေအနေမည်သို့ရှိပါသနည်း။

နောက်ဆံုးညစာစားပွဲ၌ ဤစကားကို တပည့်တော်များအား သခင်ယေရှု မိန့်ကြားသည့်အချိန်သည် သူကားတိုင်ပေါ်တက်ခါနီးအချိန်ဖြစ်ပြီး သူ့တပည့်တော် ထဲမှ တစ်ဉီးဖြစ်သူ ယုဒရှကာယုတ်သည်…

ဝေဒနာခံရချိန်၌ ခွန်အားရှိခြင်း

၁၉၄၈ ခုနှစ်တွင် မြေအောက်အသင်းတော်တစ်ခု၏ သင်းအုပ်ဆရာ ဟဲရာလန် ပိုပို့ဗ် အား မေးမြန်းစရာရှိသည်ဟုဆိုကာ သက်ဆိုင်ရာမှ လာရောက်ခေါ်ဆောင်သွားသည်။ နှစ်ပတ်ကြာပြီးနောက် အထပ်ထပ်အဆင့်ဆင့် စစ်ဆေးမေးမြန်းခံရပြီး ၁၀ ရက် အစာဖြတ်ခံရသည်။ သူလျှိုမဟုတ်ပါဟု သူငြင်းလိုက်တိုင်း ရိုက်နှက်ခံရသည်။ ပြင်းထန်စွာ နှိပ်စက်ခံရလည်း ပိုပို့ဗ် သည် အသက်မသေရံုသာမက အကျဉ်းကျခံရ သူချင်းတို့အား သခင်ယေရှုထံ ပို့ဆောင်နိုင်ခဲ့သည်။ နောက်ဆုံး ၁၁ နှစ်အကြာတွင် ထောင်မှလွတ်ပြီး သူ၏ယံုကြည်ခြင်းကို ဆက်လက်မျှဝေသည်။ နောက်ထပ် ၂ နှစ် အကြာတွင် ထိုနိုင်ငံမှထွက်ခွာခွင့်ရပြီး သူ့မိသားစုနှင့် ပြန်လည် ပေါင်းစည်းနိုင်ခဲ့သည်။ ထိုနောက်တွင် ဟောပြောဝေငှခြင်း၊ တံခါးပိတ်နိုင်ငံများတွင် သမ္မာကျမ်းစာဝေငှရန် ရံပံုငွေရှာဖွေစုဆောင်းခြင်းဖြင့် သူ့အသက်တာကို ကုန်လွန်စေခဲ့သည်။

ခေတ်အဆက်ဆက် မရေမတွက်နိုင်လောက်သော သခင်ယေရှုကို ယံုကြည်သူ များ နည်းတူ ပိုပို့ဗ် သည် သူ့ယံုကြည်ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည်။ ခရစ်တော်ကိုယ်တိုင်…

ပြန်လည်ဆံုတွေ့ရချိန်တွင်

စစ်မှုထမ်းသွားနေသည့် ဖေဖေ့ထံမှ လက်ဆောင်ဘူးကို သူငယ်လေးက ဖွင့်လိုက်သည်။ ဖေဖေသည် သူ့မွေးနေ့အမီပြန်မရောက်နိုင်ဟု သူသိထားသည်။ ဘူးထဲ၌ နောက်ထပ် ထုတ်ပိုးထားသည့်လက်ဆောင်ကို သူထပ်ဖြည်ကြည့်ပြန်ရာ “အံ့ဩသွားလား” ဟူသည့် စာရွက်ကိုတွေ့ရ၍ ဘာမှန်းမသိနားမလည်နိုင်ဖြစ်သွားသည်။ သူ့ခေါင်းကို ပြန်မော့ လိုက်စဉ် အခန်းထဲဝင်လာသည့် ဖေဖေ့ကို တွေ့လိုက်ရသည်။ မျက်ရည်နှင့် ဖေဖေ့ လက်ပေါ်ခုန်တက်ရင်း “ဖေဖေ့ကိုသားလွမ်းလိုက်တာ၊ ဖေဖေ့ကို သားချစ်လိုက်တာ” ဟု သူငယ်လေးအော်ပြောလိုက်တော့သည်။

မျက်ရည်ဝဲရသော်လည်း ဝမ်းမြောက်ဖွယ်ပြန်လည်တွေ့ဆံုမှုလေးက အသစ်သော ဖန်ဆင်းခြင်းအချိန်တွင် ဘုရားသားသမီးများ အဘခမည်းတော်နှင့် ပြန်လည်တွေ့ရမည့် ဘုန်းအသရေနှင့် ပြည့်သောအချိန်ကို မြင်ယောင်မိစေသည်။ ၎င်းကို ဗျာဒိတ် ၂၁ တွင် အဓိကဖော်ပြထားသည်။ “ဘုရားသခင်သည်”(ကျွန်ုပ်တို့) မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်ပေးမည်။ ကောင်းကင်ဘံုရှင်အဘနှင့်အတူရှိရမည်ဖြစ်၍ နာကျင်ကြေကွဲမှု များကို ကျွန်ုပ်တို့ မခံစားရတော့ပါ။ ဗျာဒိတ် ၂၁ တွင် “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ…

လူတိုင်း သနားခြင်းကရုဏာကို လိုအပ်သည်

ဂျက်ဖ်သည် ရှင်ယေရှုအား ယုံကြည်သူအသစ်ဖြစ်စ၊ ကောလိပ်ကျောင်းပြီးစအချိန်က ရေနံကုမ္ပဏီကြီးတစ်ခုတွင် အလုပ်ဝင်ခဲ့သည်။ အရောင်းသမားတစ်ဦးအနေနှင့် ခရီးထွက်ရပြီး သူ့ခရီးတွင် ဝမ်းနည်းဖွယ်ကောင်းသည့် လူများစွာတို့၏ဘဝအကြောင်းကို ကြားသိခဲ့ရသည်။ သူ့ဖောက်သည်များအလိုအပ်ဆုံးမှာ လောင်စာဆီမဟုတ်ဘဲ သနား ကရုဏာသာဖြစ်ကြောင်း သူသိရှိခဲ့ရသည်။ သူတို့ ဘုရားကို လိုအပ်သည်။ ဤအမှုကြောင့် ဂျက်ဖ်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပိုမိုသိရှိရန် ကျမ်းစာကျောင်းတက်ပြီး နောက်ဆုံး သင်းအုပ်ဆရာတစ်ပါးဖြစ်လာခဲ့ရသည်။

ဂျက်ဖ်၏ကရုဏာစိတ်က ရှင်ယေရှုထံမှ မြစ်ဖျား ခံသည်။ မျက်မမြင်နှစ်ဦးနှင့် နတ်ဆိုးစွဲသူတစ်ဦးတို့ကို အံ့သြဖွယ် ကုသပျောက်ကင်းစေသည့် သခင်ခရစ်တော်၏ သနားကရုဏာကို မ ၉:၂၇-၃၃ ၌ လျှပ်တစ်ပြက် မြင်ရသည်။ လောက၌ အမှုဆောင်စဉ်တစ်လျှောက်လုံး ခရစ်တော်သည် “မြို့ရွာရှိသမျှတို့တွင်” (:၃၅) ဧဝံဂေလိတရားဟောကြားပြီး အနာရောဂါမျိုးမျိုးကို ငြိမ်းစေခဲ့သည်။ အဘယ်ကြောင့်နည်း။ “လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော် မူ၏။ အကြောင်းမူကား ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ…

ရေမှမျှော်လင့်ခြင်းဆီသို့

တွမ်နှင့်မတ်ခ်တို့၏ သာသနာလုပ်ငန်းသည် အများသူငါတို့၏အသက်တာကို လန်းဆန်း စေကြောင်း သူတို့ပြသသော ဗွီဒီယိုထဲတွင် အထင်အရှားတွေ့ရသည်။ အဝတ်အစားများ ဝတ်ဆင်ထားသော ကလေးသူငယ်များသည် အဆောက်အုံအပြင်ဘက်ရှိ အေးမြ လန်းဆန်းသော ရေပန်းအောက်တွင် ရွှင်လန်းမြူးတူးစွာ ကခုန်ရေချိုးကစားနေပြီး၊ ၄င်းသည် သူတို့၏ဘ၀တွင် ပထမဦးဆုံးအကြိမ်ဖြစ်သည်။ တွမ်နှင့်မတ်ခ်သည် ဟေတီနိုင်ငံမှ ဒေသခံအသင်းတော်များနှင့် ပူးပေါင်းကာ ရေတွင်းများ၌ ရေသန့်စင်သည့်စနစ်ကို တပ်ဆင် ပေးသည်။ ထိုသို့ မသန့်ရှင်းသည့်ရေမှ ရောဂါကူးစက်မှုကို ကာကွယ်တားဆီးနိုင်ခဲ့ခြင်းကြောင့် လူတို့ဘ၀အဆင်ပြေကာ အသက်ကို ရှည်စေသည်။ သန့်ရှင်းလတ်ဆတ်သောရေရရှိခြင်း ကြောင့် ပြည်သူတို့၏အနာဂတ်မျှော်လင့်ချက်ရောင်ခြည် တောက်ပလျက် ရှိတော့သည်။

အစဉ်မပြတ် လန်းဆန်းမှုကို ပေးစွမ်းနိုင်သည့် အရင်းအမြစ်ကို ယောဟန် ၄ တွင် သခင်ယေရှုက “အသက်ရေ” ဟု ရည်ညွှန်းခဲ့သည်။ ပင်ပန်း၍ ရေငတ်သဖြင့် သခင်ယေရှုက ရှမာရိအမျိုးသမီးအား ငါသောက်ဖို့ရေပေးပါ (:၄-၈) ဟု မိန့်တော်မူ၏။ ထိုသို့…

မိတ်ဆွေစစ်

ကျွန်မအထက်တန်းကျောင်းသူဘဝက ‘‘တစ်ခါတစ်လေသာ မိတ်ဆွေ” ဖြစ်သည့် သူငယ်ချင်းတစ်ဦးရှိသည်။ ဘုရားကျောင်း၌ ကျွန်မတို့က ဘော်ဒါများဖြစ်ပြီး မကြာမခဏ အပြင်ထွက်လည်ပတ်လေ့ရှိသည်။ ကျောင်း၌မူ အနေအထားကတစ်မျိုးဖြစ်သည်။ ကျွန်မကိုတွေ့လျှင် အနီးအနား၌ မည်သူမျှမရှိမှ နှုတ်ဆက်ရုံ၊ မေးထူးခေါ်ပြောမျှသာ ဖြစ်သည်။ ကျွန်မကလည်း ထိုအနေအထားကို သဘောပေါက် သဖြင့် ကျောင်း၌ သူ ကျွန်မကို ခေါ်ပြောလာအောင် မကြိုးစားခဲ့ပါ။ ကျွန်မတို့၏မိတ်ဆွေဖြစ်ခြင်းအတိုင်းအတာ အကန့်အသတ်ကို ကျွန်မနားလည်ပါသည်။

စိတ်ပျက်စရာကောင်းသည့် တစ်ဖက်သတ် ဆက်ဆံရေး၊ အမြင်ကျဉ်းမြောင်းသော ဆက်ဆံရေးများကို ကျွန်မတို့အားလုံး ကြုံကောင်းကြုံဖူးကြလိမ့်မည်။ သို့သော် အတားအဆီးရှိသမျှကို ကျော်လွှားပစ်သည့် မိတ်ဆွေချင်း ပေါင်းသင်းဆက်ဆံရေးတစ်မျိုးရှိသည်။ ချစ်ခင် ကြင်နာသော စိတ်ထားရှိပြီး ဘဝခရီးလမ်းကို အတူမျှဝေလက်တွဲသွားရန် စိတ်ပိုင်း ဖြတ်ထားသူများနှင့် မိတ်ဆွေဖြစ်ရခြင်းကို ဆိုလိုပါသည်။

ဒါဝိဒ်နှင့်ယောနသန်သည် ထိုသို့သော မိတ်ဆွေမျိုးဖြစ်သည်။ ‘‘ယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့်စွဲကပ်လျက်ရှိ၍၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်လေ၏’’…

လှည့်ပြန်၊ ထွက်ပြေး

အလီသည် လှပသော၊ ထက်မြက်ပြီး ပါရမီထူးသော၊ ချစ်ကြင်နာသည့်မိဘများနှင့် ဘ၀ပြည့်စုံသော ဆယ်ကျော်သက်လေးတစ်ဦးဖြစ်သည်။ သို့သော် အထက်တန်းအောင် ပြီးနောက် ဘိန်းဖြူစမ်းသုံးရန် သွေးဆောင်ခံရပြီး နောက်ဆုံးဆေးစွဲသွားသည်။ မိဘများက သူ၏ပြောင်းလဲမှုများကို သတိထားမိပြီး အလီ က သူဆေးစွဲနေကြောင်း ၀န်ခံလာသောအခါ သူ့ကို ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့ပေးခဲ့သည်။ ဆေးကုသမှုခံယူပြီး မူးယစ်ဆေးကို စမ်းခြင်း နှင့် ပတ်သက်၍ သူငယ်ချင်းများကို ဘာပြောလိုသနည်းဟု သူ့ကို မေးရာ ‘‘လှည့်ပြန် ထွက်ပြေးပါ။ မလုပ်ဘူး၊ မစမ်းဘူးလို့ ပြောတာလောက်နဲ့ မရဘူး။ မလုံလောက်ဘူး’’ ဟု သူတိုက်တွန်း အကြံပေးခဲ့သည်။

သို့သော် ဝမ်းနည်းဖွယ်မှာ အလီသည် နောက်တစ်ကြိမ် ဆေးပြန်စွဲပြီး အသက် (၂၂)နှစ် အရွယ်တွင် ဆေးလွန်ကာ သေဆုံးခဲ့ရသည်။ အခြားသူများ၌ ထိုကံကြမ္မာမျိုး မကျရောက်စေရန် ကြိုးစားသည့်အနေနှင့် ကြေကွဲသောမိဘနှစ်ပါးမှာ ဒေသတွင်း သတင်းအစီအစဉ်တစ်ခုမှ မူးယစ်ဆေးနှင့်…

ယုံကြည်ခြင်းအမွေအနှစ်

ဘီလီ ဂရေဟမ်သည် အသက် ၁၆ နှစ်တွင် ခရစ်တော်ကို ယုံကြည်လက်ခံခြင်း မတိုင်မီ အစောပိုင်းနှစ်များကတည်းက သူ့မိဘများ၏သခင်ယေရှုအား ကိုးကွယ် ဆည်းကပ်မှုက သက်သေဖြစ်ခဲ့သည်။ မိဘနှစ်ဦးလုံးသည် ယုံကြည်သူမိသားစုမှ ကြီးပြင်းလာပြီး ခရစ်တော်ကို ယုံကြည်သည်။ အိမ်ထောင်ကျပြီးနောက် သားသမီးများအား ချစ်ကြင်နာစွာ ပြုစုပျိုးထောင်ခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းတို့ အပါအ၀င် ကလေးများနှင့်အတူ ဘုရားကျောင်းသို့ သစ္စာရှိစွာ တက်ရောက်ခြင်းဖြင့် ယုံကြည်ခြင်းအမွေအနှစ်ကို ဆက်လက် ကျင့်သုံးခဲ့သည်။ ဘီလီအတွက် သူ့မိဘများ ချပေးခဲ့သည့် ခိုင်မာသည့် အခြေခံအုတ်မြစ်က ခရစ်တော်ကို ယုံကြည်လာရန်၊ နောက်ဆုံးတွင် ရဲဝံ့သောဧဝံဂေလိ တရားဟောဆရာ ဖြစ်လာရန် ဘုရားသခင် အသုံးပြုသည့် မြေဆီတစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။

ရှင်ပေါလု၏ သားတပည့် လူငယ်လေး တိမောသေ သည်လည်း ခိုင်မာသောဝိညာဉ်ရေးအုတ်မြစ်မှ အကျိုး ကျေးဇူးများ ရရှိခဲ့သည်။ “သင်၏အဖွားလောဣ၊ အမိဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်း...…

ရေပွက်ပမာ အသက်တာ

ဘော်ဘီ၏သေခြင်းက ဘဝ၏တိုတောင်းမှုနှင့် သေခြင်းတရားကို အမှန်အတိုင်းရှုမြင် ဆင်ခြင်မိစေသည်။ ကျွန်မ၏ငယ်သူငယ်ချင်းသည် ရေခဲနေသောလမ်းမပေါ်တွင် မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး ကွယ်လွန်သွားချိန်၌ အသက် ၂၄ နှစ်သာ ရှိသေးသည်။ မိသားစုပြိုကွဲသည့်အိမ်ထောင်မှ ကြီးပြင်းလာသောသူမကို မကြာမီက တွေ့ခဲ့စဉ် သူရှေ့ဆက် ရုန်းကန်နေရပုံ ပေါ်ပါသည်။ သူသည် ယေရှုကို ယုံကြည်လက်ခံကာစ ယုံကြည်သူအသစ်လေးဖြစ်ပြီး အဘယ်ကြောင့် စောစောစီးစီး ဆုံးပါသွားရသနည်း။

တစ်ခါတစ်ရံ ဘဝသည် တိုတောင်းပြီး ဝမ်းနည်းမှု များနှင့် ပြည့်နှက်နေသည်ဟု ထင်ရသည်။ ဆာ ၃၉ တွင် ဆာလံဆရာ ဒါဝိဒ်က ‘‘အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်ပျက်တတ်သောသဘောကို သိရပါမည်အကြောင်း၊ အကျွန်ုပ်၏လမ်းဆုံးကို လည်းကောင်း၊ အကျွန်ုပ်၏အသက်အပိုင်းအခြားကိုလည်းကောင်း သိစေတော်မူပါ။ အကျွန်ုပ်အသက်တာကို တစ်မိုက်မျှသာ ခန့်ထားတော်မူပြီး အကျွန်ုပ်အရွယ်သည် ရှေ့တော်၌ ဘာမျှမဟုတ်သကဲ့သို့ ဖြစ်ပါ၏။ အကယ်စင်စစ် လူမည်သည်ကား၊ လူ၏အထွတ်သို့ ရောက်သော်လည်း၊ အနတ္တသက်သက်…

ထိခိုက်နာကျင်စေသောစကား

“ငါးဖောင်ရိုး၊ ငပိန်တာ”၊ “တုတ်ချောင်းမ”ဟူ၍ ခေါ်ပြီး ကောင်လေးများက ကျွန်မကို အမြဲ နှောင့်ယှက်တတ်သည်။ ကျွန်မကလည်း “တုတ်နဲ့ကျောက်တုံးတွေက အရိုးကျိုးအောင် လုပ်နိုင်ပေမယ့် ပြောစကားတွေကတော့ ငါ့ကို မနာစေပါဘူး”ဟု သူတို့နှင့်အပြိုင် ရေရွတ်တုံ့ပြန်လိုက်သည်။ ထိုစဉ်က ကလေးတစ်ဦးဖြစ်ငြားလည်း ဤနာမည်ကြီးဆိုရိုးမှာ မမှန်ကြောင်း ကျွန်မသိသည်။ ရံဖန်ရံခါ၌ တုတ်နှင့်ကျောက်တုံး တို့ကြောင့်ရသည့်အနာထက် မညှာမတာ၊ မဆင်မခြင် ပြောစကားများက နက်ရှိုင်း၍အချိန်ကြာသည့်တိုင် မပျောက် နိုင်သည့်အနာအဖြစ် ဆိုးရွားစွာ ထိခိုက်နာကျင်စေ၏။

မဆင်မခြင်ထိုးနှက်မှုစကားကို ဟန္န ကောင်းကောင်း သိသည်။ သူ့ခင်ပွန်း ဧလကာနက သူ့ကို ချစ်ငြားလည်း သူ့မှာ သားသမီးမရှိပါ။ ဧလကာန၏ ဒုတိယဇနီး ပေနိန္နမှာမူ သားသမီးများရှိသည်။ အမျိုးသမီးတစ်ဦး၏တန်ဖိုးသည် ကလေး ရှိခြင်းမရှိခြင်းအပေါ် မူတည်နေသည့်ယဉ်ကျေးမှု၌ ကလေးမရသည့်သူ့ကို ပေနိန္နက “ဆက်တိုက် ရန်စ”သည့်အတွက် ပိုနာကျင်ရသည်။ မျက်ရည်ကျပြီး အစာမစားနိုင်တော့သည့်အထိ ဟန္နကို ပေနိန္နက…